အသင်းဝင်ခွင့်လျှောက်ထားခြင်း
(၁) အသင်းဝင်ခွင့်လျှောက်ထားရာတွင် အသင်းဝင်ခွင့်လျှောက်လွှာပုံစံများကို စာကြည့်တိုက်တွင်
လူကိုယ်တိုင်လာရောက်၍ဖြစ်စေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ E-library တွင် ဝင်ရောက်၍ အခမဲ့ရယူနိုင်သည်။
(၂) အဖွဲ့ ဝင် အဖြစ် ဝင်ရောက် လို ပါ က အောက်ပါ အဖွဲဝင် (Form) တွင် Member Register ပြုလုပ် ၍ ဝင်ရောက် နိုင်ပါသည်။
(၃) အသင်းဝင်ခွင့်လျှောက်ထားရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများအနေ ဖြင့် လျှောက်ထားသူအမည်၊ ရာထူး၊ ဌာနအမည်များကို မှန်ကန်စွာဖြည့်စွက်၍ သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ထောက်ခံချက်ဖြင့် လျှောက်ထားရမည်။
(၄) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ E-library တွင် စာအုပ်ပေါင်း (၂,၂၀၀) ကျော် အား အသင်းဝင်များအနေဖြင့် ဖတ်ရှုနိုင်မည်ဖြစ်သည်။ သတင်းစာ၊ E-book များအား တိုက်ရိုက်ဝင်ရောက် ဖတ်ရှုနိုင်သည်။
(၅) E-Library အသုံးပြုသူများအနေဖြင့် E-Book များအားဖတ်ရှုရာတွင် ကိုယ်ပိုင်အကျိုးစီးပွား အတွက်အသုံးမပြုဘဲ အသိပညာ၊ ဗဟုသုတနှင့် ပညာရေးအထောက်အကူပြုရန်၊ သုတေသန စာတမ်းများပြုစုရန် သီးသန့်အတွက်သာ ရည်ရွယ်အသုံးပြုခွင့်ရှိသည်ကို သိရှိပါကြောင်းနှင့် မူပိုင်ခွင့်ဥပဒေအရ အရေးယူခြင်းခံရပါက အသုံးပြုသူ၏ တာဝန်သာဖြစ်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် လုံးဝမ သက်ဆိုင်ပါကြောင်း သိရှိရမည်။
(၆) အသင်းဝင်ခွင့်လျှောက်ထားရာတွင် လျှောက်ထားသည့် ဝန်ထမ်းသည် တိုင်းဒေသကြီး/ ပြည်နယ် သို့လည်းကောင်း အခြားဌာနသို့ပြောင်းရွှေ့ခြင်းရှိပါက စာကြည့်တိုက်တာဝန်ခံထံ အကြောင်းကြား ရမည်။
(၇) မိမိ၏ ဝင်ရောက်ခွင့် ID နှင့် Password ကိုအခြားသူများ ကိုမျှဝေ၍ အခြားသူများက ဝင်ရောက် အသုံးပြုပါက ဖြစ်ပေါ်လာသည့် ပြဿနာတစ်စုံတစ်ရာအတွက် ID နှင့် Password ပိုင်ဆိုင် သည့် အသင်းဝင်၏ တာဝန်သာဖြစ်သည်။
(၈) စာကြည့်တိုက်အသင်းဝင် ခြင်းတွင်အသင်းဝင်အကောင့် ဖွင့်လှစ်ထားသည့် User Name နှင့် Password များကို အခြားမည်သူ့ထံမှ လွှဲပြောင်း ပေးအပ်ခြင်း/ မျှဝေသုံးစွဲခြင်းမပြုရ။
(၉) Use Name နှင့် Password များကို မသက်ဆိုင်သူများ၏ လက်ဝယ်မရောက်ရှိစေရန် တာဝန်ယူဆောင်ရွက်ရမည်။
(၁၀) အသင်းဝင်တစ်ဦးလျှင် စာအုပ်များကို တစ်ကြိမ်လျှင် (၃) အုပ်ဖြင့် ရက်သတ္တပတ် (၂) ပတ်ကြာ ငှားရမ်းနိုင်မည် ဖြစ်သည်။
(၁၁) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန E-library ရှိEbook များအား ပြန်လည်ရောင်းချခြင်း၊ ဖြန့်ဝေခြင်း လူမှုကွန်ယက်နှင့် အခြား Cyber platform များတွင် ထပ်ဆင့်ဖော်ပြခြင်း လုံးဝ မပြုလုပ်ရ။
(၁၂) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ ပြုစုရေးသားထားသည့် သုတေသန စာတမ်းများ၊ ပညာသင် အစီရင်ခံစာများအား ပြန်လည်ရောင်းချခြင်း၊ ဖြန့်ဝေခြင်း၊ လူမှုကွန်ယက် နှင့် အခြား Cyber platform များတွင် ထပ်ဆင့်ဖော်ပြခြင်း လုံးဝမပြုလုပ်ရ။
(၁၃) အထက်ဖော်ပြပါ တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါကအဆိုပါ လုပ်ရပ်များ အတွက် မူပိုင်ခွင့်ဥပဒေ၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်နှင့် အီလက်ထရွန်နစ်ဥပဒေများအရ ငှားရမ်းသူ၏ တာဝန်သာ ဖြစ်သည်။