ECD စာကြည့်တိုက်သည် စာဖတ်သူများအား ပြည့်ဝလျှင်မြန်သော ဝန်ဆောင်မှု ပေး နိုင်ရန်အတွက် အောက်ပါစည်းကမ်းချက်များအတိုင်း Digital Library Room တွင် အင်တာနက်မှသတင်းအချက် အလက်များကို ရယူအသုံးပြုနိုင်သည်။
(က) တစ်ဦးလျှင် (၂) နာရီသာအသုံးပြုခွင့် ကို သက်ဆိုင်ရာ ကောင်တာရှိ Server Computer ရှိ System မှ
ဆောင်ရွက်မည်ဖြစ်ပါသည်။ ဆက်လက်အသုံးပြုရန်လိုအပ်ပါက(စောင့်ဆိုင်းနေသူမရှိလျှင်) သက်ဆိုင်ရာ
တာဝန်ရှိသူ၏ ခွင့်ပြုချက်ဖြင့် ဆက်လက်အသုံးပြုနိုင်သည်။
(ခ) အသိပညာ၊ ဗဟုသုတနှင့် ပညာရေးအထောက်အကူပြုရန် သီးသန့်အတွက်သာ ရည်ရွယ်အသုံးပြုခွင့်ရှိသည်။
ထို့ပြင် ECD စာကြည့်တိုက်ပိုင်စုဆောင်းထားသည့် စာအုပ်၊ စာနယ်ဇင်းဆိုင်ရာဒီဂျစ်တယ်စာစုများ၊ ပညာရေးဆိုင်ရာအစီရင်ခံစာနှင့်အထောက်အထားများ၊ ရှေးဟောင်းသုတေသနဆိုင်ရာ အစီရင်ခံစာ ဒီဂျစ်တယ်စာစုများ၊၊electronic resources အသွင်ဆောင်ရွက်ထားပြီးဖြစ်သည့် ဗုဒ္ဓစာပေ ဆိုင်ရာစာအုပ်များ၊ စွယ်စုံကျမ်းများစသည့်ဒီဂျစ်တယ်စာစုများအား စာဖတ်သူများအနေဖြင့် Library Management System Software ရှိ OPAC (Online Public Access Catalogue) တွင် ဝင်ရောက်ရှာဖွေအသုံးပြုနိုင်ပါသည်။