စာအုပ်ငှားရမ်းခွင့်စည်းမျဉ်းသတ်မှတ်ခြင်း
မိမိဌာနရှိ ဝန်ထမ်းများ အကျိုးရှိစေရန်နှင့် စာအုပ်ဆုံးရှုံးမှုမှ ကာကွယ်ရန်အတွက် စာအုပ် ငှားရမ်းခွင့်စည်းမျဉ်းကို အောက်ပါအတိုင်း ချမှတ်ပါသည်
(၁) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ဝန်ထမ်းဖြစ်ရမည်၊
(၂) တစ်ကြိမ်လျှင် စာအုပ်နှစ်အုပ်ငှားခွင့်ပြုမည်၊
(၃) ငှားရမ်းသည့် ကာလအပိုင်းအခြားမှာ ထုတ်ပေးသည့်နေ့ရက်ကို ချန်လှပ်၍ တစ်ပတ် (၇)ရက် သတ်မှတ်မည်၊
(၄) ငှားထားသောစာအုပ်များ သတ်မှတ်ရက်လွန်မှ ပြန်အပ်ပါက ရက်လွန်ကြေး တစ်ရက် လျှင် ၂၀၀ ကျပ် ကောက်ယူမည်၊
(၅) စာကြည့်တိုက်ပိုင်စာအုပ်များအား ရေးခြစ်ခြင်း၊ စာရွက်များဆုတ်ဖြဲခြင်း မပြုရ၊
(၆) ပြင်ပသို့ ထုတ်မငှားသော စာအုပ်များအား မိတ္တူကူးယူလိုပါက မိတ္တူကူးခ ပေးဆောင် ရမည်၊
(၇) စာအုပ်ပျက်စီးခြင်း၊ စာအုပ်ပျောက်ဆုံးခြင်းအတွက် စာအုပ်အစားသော်လည်း ကောင်း၊ စာအုပ်၏ ကာလတန်ဖိုး(၃)ဆသော်လည်းကောင်း (သို့) စာကြည့်တိုက် မှ ဆုံးဖြတ်သည့် တန်ဖိုးကို ပေးလျော်ရမည်၊
စာကြည့်တိုက်အသုံးပြုသူများ လိုက်နာရန် စည်းကမ်းချက်များ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စာကြည့်တိုက် စာဖတ်ခန်းစည်းမျဉ်းကို အောက်ပါ အတိုင်း သတ်မှတ်ပါသည်-
(၁) စာဖတ်ခန်းဖွင့်ချိန် - (၁၀:၀၀) နာရီ မှ (၁၆:၀၀)နာရီ
(၂) စာဖတ်ခန်းအတွင်း စာကြည်တိုက် အသုံးပြုသူများ အနှောင့်အယှက်မဖြစ်စေရန် တိတ်ဆိတ် ငြိမ်သက်စွာ
ကြည့်ရှုလေ့လာပါ၊
(၃) စာဖတ်ခန်းအတွင်းသို့ မည်သည့်အစားအသောက်မျှ ယူဆောင်ခြင်း၊ စားသောက် ခြင်းနှင့် ဆေးလိပ်သောက်ခြင်း မပြုရပါ ၊
(၄) စာကြည့်တိုက်အတွင်းသို့ ယူဆောင်လာသော ငွေကြေးနှင့် အရေးကြီးစာရွက် စာတမ်းများ၊ ပစ္စည်းများပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများအတွက် တာဝန်မယူပါ၊
(၅) စာကြည့်တိုက်အတွင်း အသံကျယ်လောင်စွာ ဖုန်းပြောဆိုခြင်းကို ရှောင်ကြဉ်ပါ၊ Audio ပစ္စည်းများကို အခြားသူများ မကြားနိုင်လောက်သည့် အသံအနေအထား ထိလျှော့ချပါ၊
(၆) စာကြည့်တိုက်ပိုင် စာပေပစ္စည်းများအား ရိုသေစွာ ကိုင်တွယ်ပါ။ ယင်းတို့အား ရေးခြစ်ခြင်း၊ ဆုတ်ဖြဲခြင်း၊ တစ်နည်းနည်းဖြင့် ပျက်စီးစေခြင်းကို ရှောင်ကြဉ်ပါ၊ သက်ဆိုင်ရာ စာကြည့်တိုက် တာဝန်ခံများ၏ လမ်းညွှန်ချက်များကို လေးစား လိုက်နာပါ၊
(၇) မိမိထုတ်ယူ အသုံးပြုပြီးသော စာကြည့်တိုက်ပိုင်ပစ္စည်းများကို တာဝန်ကျ စာကြည့်တိုက် ဝန်ထမ်းသို့ ပြန်လည်အပ်နှံပြီးမှသာ စာကြည့်တိုက်မှ ထွက်ခွာပါ၊
(၈) စာကြည့်တိုက်ပိုင် စာပေပစ္စည်းများအား မိတ္တူကူးယူခြင်း၊ Printed Out ထုတ်ယူ ခြင်းတို့ကို စာကြည့်တိုက်တာဝန်ခံ၏ ခွင့်ပြုချက်ဖြင့်သာ ပြုလုပ်ရမည်၊